ဘာနဲ့အစားထိုးမှာလဲ
ဘာနဲ့အစားထိုးမှာလဲ ညက တိတ်ဆိတ်လွန်း၍ အမှောင်က သိပ်သည်းလွန်းနေသည်။ ချစ်ထွန်း အပိုင်စားရထားသော ကားဂိုဒေါင်၏ နောက်ဖက် အိပ်ခန်းလေးထဲ၌မူ အပြာရောင် မီးပွင်းလေးက လင်းလက်၍နေသည်။ “ ဒါ အကို့ အိမ်လားဟင်...” “ ဟင့်အင်း....ကိုယ်က သူများဆီမှာ ကပ်နေရတာ...” “ အင်း...တော်တော် ချမ်းသာတာပဲ...” ကောင်မလေးက စကားတတ်ပြီး ဖေါ်ရွှေ၏။ ညဥ့်မယ်လေးတစ်ယောက်ကို ချစ်ထွန်းက ညလုံးပေါက်ဆွဲလာခဲ့ခြင်း ဖြစ်သည်။ “ မင်း...ကိုယ့်ကို ဈေးမပြောရသေးဘူးနော်...” “ ငါးခုလေ...အဲဒီပေါက်ဈေးပဲ...” “ အဟဲ...ငါးရာလား...” “ အဲ...ဟယ်...ငါးထောင်လေ ဆရာကြီးရဲ့...” “ ကိုယ် တကယ်မသိလို့ပါ...အခုမှ မင်းကို ပထမဆုံး ခေါ်မိတာပါ...” “ သနားလိုက်ရတော့မလား...” “ မသနားပါနဲ့...ရပါတယ်....သုံးထောင်ဆို မရဘူးလား...” “ အလိုလေးတော်...ဘာမှတ်လို့ ဈေးဆစ်နေရတာလဲ...တစ်ညလုံး ရှင်နဲ့နေရမယ့် ကျမဒုက္ခကိုလည်း ထည့်တွက် အုံး....” “ ငါးထောင်ပဲလားကွာ...အဲဒါ...အကုန်ပဲ...” “ ဟင်း...ကျမတော့ ဖိတ်စာမှားပြီထင်တယ် ဒါနဲ့ ရှင်တစ်ယောက်ပဲ လုပ်ရမှာနော်...” “ တစ်ယောက်ထဲပါ...” “ အင်း တချို့က တစ်ယောက်ထဲဆိုပြီး ခေါ်သွားတာ ဟိုရောက်တော့ လေးင