အပြန်အလှန်
မိုးရွာပြီးစ ညနေခင်းလေးတစ်ခုပါ။စိမ်းစိုနေတဲ့ လယ်ကွင်းပြင်တွေကို လေနုအေးက ညင်ညင်သာသာ ဖြတ်သန်း တိုက်ခတ်နေတယ်။ ကောင်းကင်ပြာပေါ်မှာ ရောင်စုံသက်တန့်နဲ့အားအင်ကုန်ခမ်းနေတဲ့ နေရောင်ခြည်ရဲ့အလှက ပတ်ဝန်းကျင်ကို ပိုမို သစ်လွင်စေပါတယ်။လေညှင်း ရဲ့အေးမြတဲ့ ထိတွေ့မှုကလည်း စိတ်ကို ကြည်နူးစေတာအမှန်ပါ။သာယာအေးမြတဲ့ ညနေလေးကို ပိုပြီး ပြည့်စုံသွားစေတာကတော့ ချစ်သူရဲ့ အပြုံးလို့ပြောရမှာပဲ။ကျွန်တော်နဲ့သူ စ တွေ့ဖြစ်တာ မွေးနေ့ပွဲ တစ်ခုမှာပေါ့။ ညမီး အလင်းရောင်အောက်မှာ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ ထင်းနေအောင်လှပ တဲ့မိန်းကလေးကို ကျနော်မြင်မြင်ချင်း ချစ်မိခဲ့တာ။သူကလည်း ကျွန်တော့် အကြည့်တွေကို ချက်ချင်း သဘောပေါက် နားလည်ခဲ့ပါတယ်။ရှေုးရေစက်ကောင်းမှုကြောင့် သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ချစ်သူတွေ ဖြစ်သွားခဲ့တယ်ပေါ့သူက ကျွန်တော့်ထက် အသက်အများကြီး ငယ်တယ်ဗျ။ကလေးပီပီ ချွဲလိုက်၊ နွဲ့လိုက် ကျွန်တော် စိတ်ညစ်နေတဲ့ အချိန် ရီစရာလေးတွေ ပြောလိုက်။အလိုက်သိပြီး ချစ်ဘို့ကောင်းတဲ့ချစ်သူလေးပါ။ အချိန်စက်ဝန်းရဲ့ သယ်ဆောင်မှုကြောင့် ကျွန်တော်တို့ချစ်သူသက်တမ်း တစ်နှစ်နီးပါးကြာခဲ့ပြီ။ သူရဲ့ဖြူစင်မှုကလေးကို ကျွန်တော် အခွင့်ရေ